2011 သင်္ကြန်သံချပ်

http://player.soundcloud.com/player.swf?url=http%3A%2F%2Fapi.soundcloud.com%2Fplaylists%2F692660&show_comments=true&auto_play=false&show_playcount=true&show_artwork=true&color=ff0017 2011 သင်္ကြန်သံချပ် သီချင်းများ by myolay1996

http://viewer.docstoc.com/
var docstoc_docid=”75360323″;var docstoc_title=”Thangyatt_Complete”;var docstoc_urltitle=”Thangyatt_Complete”;Thangyatt_Complete

c box

View shoutbox

ShoutMix chat widget

Hello world!

Welcome to WordPress.com. This is your first post. Edit or delete it and start blogging!

သေနတ်ကိုင်ထားလဲ အသဲနဲ့ပါပဲ

 
ကျနော်တို့တပ်ရင်းမှာ ရဲဘော်တွေကို အားရုံဖျော်ဖြေမှု ပေးတဲ့အနေနဲ့လုပ်ပေးတဲ့ အစီစဉ်အနည်းငယ်ထဲက ကျနော်တို့သ ဘောကျတဲ့အစီစဉ်တခုကတော့ နောက်တန်းလို့ပြောလို့ရတဲ့ ဒုက္ခသည်စခန်းကို သွားလည် ခွင့်ပေးတာပါ  အိမ်ထောင်ရှိတဲ့ရဲဘော်ဆိုရင် ၁ လကို ၇ ရက်သွားလည်ခွင့် (နားခွင့်) ရှိသလို၊ လူပျိုရဲ ဘော်ဆိုရင်လဲ ၂ လကို ၇ ရက်သွားလည်ခွင့်ရပါတယ်။


အခြားသောသူတွေအတွက် မထူးခြားပေမယ့် ကျနော်တို့အတွက်ကတော့ မဟာအခွင့်အရေးကြီးပါ အလည် တန်းမှာဆိုရင် ရန်သူက အချိန်မရွေးဝင်တိုက်နိုင်တာကြောင့် ဘယ်အချိန်တိုက်ပွဲဖြစ်မလဲ၊ ဖြစ်လာရင် ဘယ် လိုတိုက်မလဲ၊ နောက်ညပိုင်း

တယောက်တနာရီအလှည့်ကျ စောင့်ရတဲ့ ညကင်း၊ တပါတ်တခါလောက် ကျတတ်တဲ့ ထ္မင်းချက်အလှည့် စ တာတွေကင်း လွတ်ခွင့်ရတဲ့အပြင် တယောက်ကို ၂ ကားသုံးဘတ်နဲ့ Video လည်းကြည့်ရမယ်။ အိပ်ရေး လည်းဝမယ် အပျိုမငမ်း(ဖွန်ကြောင့်) လို့လည်းရမယ်…ကဲ… ဘယ်ရဲဘော်က ဒီအခွင့် အရေးကိုငြင်းမလဲ။ ကင်းစောင့်၊ ဖက်ထိပ်၊ ထ္မင်းချက် စတဲ့အလုပ်တွေ ပြီးတာနဲ့ရဲဘော်တွေ စုမိပြီဆိုရင် အများဆုံး ပြောဖြစ် တာ ကတော့ ဒုက္ခ သည်စခန်းကိုသွား လည်ရေးပါ။ ဒီအပါတ်ဘယ်အတွဲသွားရမယ် သူတို့ပြီးရင်ရောဘယ်သူ့ အ လှည့်လဲ ငါ့အလှည့်တုန်းက ကောင်းမလေးတယောက်ကို စာလိုက်ပေးခဲ့တယ် စသဖြင့်ပေါ့ အကြောင်းတွေ ကိုစုံလို့။ 

အလှည့်ကျဆိုပေမယ့် ရဲဘော်အရေအတွက်ကများတဲ့အတွက် ကိုယ့်အလှည့်ရောက်ဖို့ တော်တော့ကိုစောင့် ရပါတယ်။ လူပျိုရဲဘော်တွေဆိုရင်လဲ အစီစဉ်တွေချမှတ်ရတာ မမောနိုင်မပန်းနိုင်ပေါ့။ ဥပမာ ကောင်မလေး တယောက်ယောက်ကို တွေ့ပြီးကြိုက်သွားပြီ ဆိုပါတော့ သူ့ရဲ့ Information အကုန်လုံးကို ရက်တိုတိုအတွင်း မှာ စုံစမ်းပေးတော့ပြီးရင် မြန်နိုင်သမျှမြန်မြန်လုပ်ငန်းစပေးတော့ နင့်မို့ဆိုရင်ကိုယ့်အလှည့်ကဝေးတယ်လေ တော်ကြာကောင်မလေး ကိုအခြားတယောက်ယောက်က သဘောကျပြီး ရည်းစားရသွားရင်အခက် မဟုတ် လား။
ဒါမှမဟုတ်လဲ နောက်တနည်းရှိပါသေးတယ် အလှည့်ကျတဲ့ရဲဘော်နဲ့ gentlemen agreement ယူရပါမယ် ဆိုလိုတာက နောက်အလှည့် ငါသွားမယ် ငါ့ကောင်မလေးက ငါ့ကိုပြန်ချစ်ဖို့အတွက် ကြိုးစားချင်လို့ မင်းအ တွက်ငါကင်းစောင့်ပေးမယ် ဒါမှမဟုတ်ယူနီဖေါင်းလျှော်ပေးမယ် စသဖြင့်ပေါ့။ ဒါပေမယ့် ပြောမယ့်သာ ပြော ရတာပါ ဒီ (ဖွန်ကြောင်) ကိစ္စမှာ ကျနော်တို့ကျောင်းသားရဲဘော်တွေ အတွက်အတားအဆီး တချို့ရှိနေပါ သေးတယ်။

အဲ့သည့်အထဲက အကြီးမားဆုံးနဲ့ အခက်ဆုံးကတော့ ဘာသာစကားနဲ့ လူမျိုးမတူတာပါပဲ အချစ် မှာမျက်စိမ ရှိဘူးဆိုပေမယ့် ကျနော်တို့အဖို့မှာတော့ မလွယ်ပါဘူး တချို့ကရင်မလေးတွေဆိုရင် (ကျနော်တို့နေရတာက ကရင်လူမျိုးအများစုကိုး) ဗမာစကားကို လုံးဝမတတ်တာတောင်ရှိပါတယ်။ ပိုဆိုးတာကသူတို့တွေဟာ န၀တ ရဲ့လူမဆန် တဲ့ လူမျိုးရေးမုန်းတီးမှု ဆန်ဆန်ထိုးစစ်တွေကြောင့် ပြေးလာရတဲ့စစ်ပြေးဒုက္ခသည်တွေ ဖြစ်နေ တာပါ။ 


ဒါကြောင့် အနည်း နဲ့အများဆိုသလို ဗမာမုန်းတီးရေးက ရှိနေပါတယ်။ ဒါတွေကိုကျော်ပြီး ဖွန်ကြောင့်ရတာ သိပ်တော့မလွယ်လှပါဘူး။ကျနော်တို့ကလဲ မောင်ကျောင်းသားတွေလေ သိတယ်ဟုတ်… ကရင်စကားကို ချစ်တယ်၊ မချစ်ဘူး စသဖြင့်သင်ပါတော့တယ် တွန်းအားရှိလို့လားတော့မသိ တဖြည်းဖြည်းနဲ့ ထ္မင်းစားရေ သောက်ဆိုသလို ပြောတတ်လာပါတယ်။ ကရင်စကားနဲ့ ပါတ်သက်ပြီး ကျနော်တို့မှာနောက်ထပ် တွန်းအားရှိ ပါသေးတယ်၊ ကျနော်တို့ရှေ့တန်းစစ်မြေပြင်ဟာ ကရင်ပြည်နယ်ပါ ရွာထဲကိုရောက်လို့ ဗမာစကား အသံ ကြားတာနဲ့ (အချို့ရွာတွေဆိုရင်) န၀တ စစ်တတ်ထင်ပြီး ထွက်ပြေးတာကိုခဏခဏ ကြုံဖူးပါတယ်။

ရေတောင်းသောက်ရင်လဲ ကိုယ့်စကားကို နားမလည်တဲ့အတွက် ရေငတ်ခဲ့ရတဲ့အခါတွေ မနည်းပါဘူး။ ကျ နော်ဆိုရင် ရှေ့ တန်းဆင်းတဲ့အခါတွေမှာ ကိုယ့်စစ်ကြောင်းနဲ့ကွဲသွားမှာ အရမ်းကြောက်ပါတယ်ရန်သူ သတ် လို့မသေပဲ စကားနားမလည်လို့ န၀တ နဲ့မှားပြီး ဗျင်းခံရမှာကြောက်လို့ပါ။ ဒါကြောင့်လည်းကျနော်တို့ ရဲဘော် တွေထဲက ကရင်ရဲဘော်တွေဆီမှာ တမင်တကာကို သင်တန်းတခုအနေနဲ့ကို ကရင်စကားသင်ကြပါတယ်။

ကျနော်တို့ ရဲဘောတွေထဲမှာဆိုရင်လဲ ကရင်စကားတတ်တဲ့ရဲဘော်ဟာ မင်းသားပါပဲ ကောင်မလေးတွေ ဆို ရင်လဲ ကရင် စကားမပီတပီပြောတဲ့ ကျနော်တို့ကျောင်းသားရဲဘော်တွေကို တော်တော်သဘော ကျတာကို တွေ့ရပါတယ်။ ကျနော့်ပထဆုံးတပ်စိတ်မှုးက ပိုးကရင်ပါ ကရင်စကားနှစ်မျိုးလုံးကို ကောင်းကောင်း ပြော တတ်ပါတယ်။ ဘာရမလဲ ကျနော်ကတော့သူ့အ နားက မခွာတော့ဘူးကရင်စကား တလုံးရရ နှစ်လုံးရရ သင် တော့တာပဲ။ အခြားတပ်မှုးတွေဆိုရင်လဲ ကရင်စကားကိုထ္မင်း စားရေသောက်လောက်တော့ ပြောတတ်နေ ပါပြီ။ နေတာကြာပြီကိုး။

အခုတခေါက် နောက်တန်းကိုသွာလည်ရမှာတော့ ထူးထူးခြားခြား တတ်စိတ်မှူးသုံးယောက်နဲ့ ကျနော်ပေါင်း လေးယောက်ပါ။ ကျနော်ကတော့ ငှက်ဖျားတက်ချင်ချင် ဖြစ်နေတာနဲ့သိပ်မလည်ချင်ပါဘူး ဖျားနေတဲ့အ တွက် လမ်းမလျှောက်ချင်ဘူးလေ နောက်တန်းစခန်းကို ကျနော်တို့နေရာကနေ ရဲဘော်ခြေလှမ်းနဲ့တောင် သုံးနာရီပြင်းပြင်းလောက် လျှောက်ရမျာကိုး ရောက်ခဲ့ရင်တောင် ဖွန်ကြောင်ဖို့၊ အရက်သောက်ဖို့တို့က မဖြစ် နိုင်တော့ဘူးလေ။ ဒါပေမယ့် မတတ်နိုင်ပါဘူး ဘယ်သူနဲ့မှ

gentlemen agreement ယူလို့မရတဲ့အဆုံး ရင်နာနာနဲ့ပဲ သွားလည်လိုက်ရပါတယ်။ ပင်ပန်းခြင်းကြီးစွာနဲ့ သွားရပါတယ် လမ်းမှာလည်း အတူတူသွားတဲ့တတ်စိတ်မှူးသုံယောက်က စိတ်ညစ်လောက်အောင်ကို နား နားပြီးသွားရတာပါ။ ရောက်သွားတော့လည်း မထူးပါဘူး ငှက်ဖျားသွေးဖောက် ပြီးဆေးသောက်နဲ့ ဟုတ်တိ ပါတ်တိဘာ မှအကောင်အထည်မပေါ်လိုက်ပါဘူး။ တခုတော့ကောင်းပါတယ် အိမ်ထောင် သည်မိသားစု တွေက မားမားထုတ်တွေ၊ ဇီးထုတ်တွေစသဖြင့် လူနာဓါတ်စာတွေလာပေးသလို့ အချို့အိမ်ထောင်သည် တွေက စာချင်တာဝယ်စားနိုင်အောင် မုန့်ဖိုးတွေ ပေးသွားတာပါ အဲတာချစ်စရာကောင်းပါတယ်။

တတ်စိတ်မှူးသုံးယောက်ကတော့ ထုံးစံအတိုင်း ၁ ထုတ် ၂၀ တန် ဇ၀က်သာအရက်နဲ့ ကောင်းသူကောင်း၊ ၂ ကားသုံးဘတ်တန် Video ၀င်ကြည့်သူကြည့်၊ ဖွန်ကြောင်သူကြောင်နဲ့ ပျောက်ကုန်ပါပြီ။ ဒီလိုနဲ့ကျနော်တို့ လည်ပတ်ခွင့် တပါတ်ပြည့်သွားပါတယ် ပုံမှန်စည်းကမ်းကတော့ ဖျားနေတဲ့ရဲဘော်ဆိုရင် ငှက်ဖျားဆေးပြတ် သည်အထိ နေခွင့်ရှိပါတယ် ဒါပေမယ့် ကျနော်တို့ထူးခြားချက်လို့ ပြောရမလားမသိ ကျနော်တို့ရဲ ဘော်တိုင်း လိုလို အနစ်နာခံတဲ့သူကို ချစ်သလောက် အခွင့်အရေးယူတတ်တဲ့ အခွင့်အရေးသ္မားကိုတော့ မစင်ကိုရွံသလို ရွံတတ်ပါတယ်။ ကိုယ့်ကိုလည်း သူများကအဲသည့်လို သတ်မှတ်မှာ အင်မတန်ကြောက်ပါတယ်။ ဒါကြောင့် ကျနော်လည်း ဆေးမပြတ်သေးပေမယ့် ခွင့်ပြည့်ပြီဖြစ်လို့တတ်စိတ်မှူးသုံးယောက်နဲ့ စခန်းကိုပြန်လိုက်ခဲ့ ပါတယ်။

လမ်းမှာတော့ အသွားရောအပြန်ပါ ဖြတ်သွားရတဲ့ထိုင်းတောင်ပေါ် ကရင်ရွာလေးတရွာကို ဖြတ်သွားရ ပါ တယ်။ သည်ရွာမှာ ကျနော်တို့ မောင်ကျောင်းတွေနဲ့ အတော်လေးကိုရင်းနှီးတဲ့ မိသားစုတစုရှိပါတယ်။ ပတ် သက်မှုကတော့ ကျနော်တို့ရဲဘော် အများစုဟာ အရက်ကြိုက်ကြပါတယ် ဒါပေမယ့်ဝယ်သောက်ဖို့ ငွေက တော့ မရှိတာများပါတယ်။ ကျနော်တို့ဆီမှာပေါတာက တော့ ချောင်းထဲမှာကောက်နိုင်ရင် ကောက်နိုင်သ လောက်ရတဲ့ ဖင်ချွန်ခရု၊ ချောင်းထဲကငါး၊ သဘာဝအလျှောက်ပေါက်နေ ပြီးချဉ်ပတ်စိမ်စားရင် အင်မတန် ထ္မင်းမြိန်တဲ့ ကတက်ရွက်စတာတွေပါ။

အဲ့သည့်မိသားစုရဲ့ ပုံမှန်အလုပ်ကတော့ တောင်ယာစိုက်ပျိုးရေးပါ၊ တခါတလေကြားပေါက် ၀င်ငွေရှာတဲ့ အနေနဲ့ရော သူတို့ သောက်ဖို့ပါ အရက်ချက်ရောင်းပါတယ်။ သူတို့တောင်ယာစိုက်ခင်းတွေမှာ အကူအညီလို တဲ့အခါရယ် ကျနော်တို့ရဲဘော်တွေ အားလပ်တဲ့အခါရယ် တိုက်ဆိုင်သွားရင်တော့ လူထုစည်းရုံးရေးအနေနဲ့ အခမဲ့ဝိုင်းလုပ်ပေးသလို ကျနော်တို့နောက်တန်းကို ပြန်လည်တဲ့အခါတွေဆိုရင်လဲ ခရုတွေငုတ်၊ ငါးဖမ်း၊ ကတက်ရွက်တွေခူးပါတယ် ပြီးရင်တော့ အထက်ပါမိသားစုရယ် နောက်တန်းက လူပျိုဘားတိုက်လို့ ခေါ်ရ မယ့် ရုံးရယ် အိမ်ထောင်သည်အိမ်တွေရယ်ကို ပေးပါတယ်။

သူတို့ကလည်း အပြန်အလှန်ဆိုသလို ၃ လမှ ၁ ခေါက်လောက်လာတတ်တဲ့ကျနော်တို့မောင်ကျောင်းတွေကို ထ္မင်းတွေချက်ကျွေး အရက်တွေထုတ်တိုက်နဲ့ ပြုစုပါတယ်။ မောင်ကျောင်းတွေအတွက်ကတော့အကြိုက်ပေါ့။ တပ်စိတ်မှူး တယောက်ဆိုရင် ဗိုက်ထဲမှာအရက်မဆံတော့လို့ ပြန်တောင်အန်နေပြီး လက်ကတော့ အရက် ခွက်ကို လှမ်းတုန်းပါ အဲသည် လောက်အရက်ကြိုက်ပါတယ်။ ကျနော့်အတွက်ကတော့ ရည်းစား လင်ရသွား တာထက်ဆိုးပါတယ် ကိုယ်တိုင်ကအရက် ကြိုက်တယ်မဟုတ်ပေမယ့် ကိုယ့်ရှေ့မှာသောက်နေရင်တော့ မနေနိုင်ပါဘူး ဒါပေမယ်ငှက်ဖျားဆေး မပြတ်သေးတော့ မြင်သာမြင်မကြင်ရတဲ့ဘ၀ပေါ့။ 

ခရီကတော့ တ၀က်လောက်ကျန်ပါသေးတယ်။ ဒါပေမယ့် ကျနော့်တတ်စိတ်မှူးသုံးယောက် ကတော့ ညနေ ၆ နာရီခွဲနေပြီဖြစ်ပေမယ့် အရှိန်တက်တုန်းပါပဲ။ကျနော်တို့ အဲ့သည့်ရွာကနေထွက်တော့ ည ၈ နာရီကို နာရီ ၀က် ကျော်ကျော်စွန်းနေပါပြီ။ လေးယောက်ပေါင်းလို့ဓါတ်မီးဆိုလို့ သော့ချိတ်မှာပါပြီး လက်နဲ့ညှစ်ထားမှလင်း တဲ့ မီးသေးသေးလေးပဲပါပါတယ်။ ဘာပဲပြောပြောဘာမှမရှိတာထက်စာရင် နည်းနည်းတော့သက်သာ တာ ပေါ့ ဒါနဲ့ကျနော်တို့လည်း တယောက်တလှည့်စီ မီးထွန်းပြီးပြန် ခဲ့ကြပါတယ်။

ဒါပေမယ့် အရက်ကိုအန်တဲ့အထိ မရပ်တမ်းသောက်တတ်ပြီး မူးလာရင်ထစ်ကနဲ့ရှိ ရန်ဖြစ်တတတ်တဲ့ တပ် စိတ်မှူးတယောက်ကတော့ သော့ချိတ်မီးကိုတခါမှ တာဝန်မယူပါဘူး ဘာဖြစ်လို့လဲလို့မေးတော့ ရှေ့ဆုံးက သွားရမှာမို့လို့တဲ့ ရှေ့ဆုံးကသွားရမှာဆိုးလို့ နောက်ဆုံးကသွားဆိုတော့လည်း မဟုတ်ပါဘူး သူ…အလည် ကပဲလိုက်ပါတယ်။ ကျနော့် အထင် တော်တော်လေးကို ရေချိန်ကိုက်နေတယ်လို့ပေါ့လေ ။

ဘယ်ဟုတ်ပါ့မလဲ ကျနော်တို့ရေကန်လေးအနာမှာ ရေသောက်ရင်းနားဖို့အတွက် ထိုင်လိုက်တော့မှ သူက အလည်ခေါင်မှာ ၀င်ထိုင်တော့တာပဲ သူရဲကြောက်လို့တဲ့လေ…..

သြော်…သေနတ်ကိုင်ထားတဲ့ ကျောင်းသာရဲဘော်လဲ ကြောက်တတ်တဲ့ အသဲ နဲ့ပါပဲလို့……။ ။

မှတ်ချက်။  ။ အဲသည့်လူလည်း ဒုက္ခသည်စခန်းတခုမှာ သေသွားပါပြီ ဘာရယ်ကြောင့်အတိအကျ မသိရပေမယ့် အရက်ကြောင့်လို့တော့ သိုးသိုးသဲ့သဲ့ကြာလိုက်မိပါတယ်။

ဆက်တိုက်မက်ခဲ့ရသော အိပ်မက်များ အပိုင်း ၂

ကျနော်တို့နှစ်ယောက် တယောက်ကျောပိုးအိပ်တလုံးစီနဲ့ ဘယ်သွားလို့ဘယ်လာရမှန်း မသိယောင်လည်လည်နဲ့ ညမိုးချုပ်သွားပါတယ်။ ဒီလိုနဲ့ မြ၀တီမြို့ထဲမှာ လည်နေတုန်း သုံးဘီးနဲ့ ဆမ်မလော့ (အရပ်ခေါ်) သ္မားတယောက်က သူ့အိမ်မှာလိုက် အိပ်လို့ရကြောင်းနဲ့ တညကို မြန်မာငွေ ၂၀၀ ပေးရမှာဖြစ်ကြောင်း ပြောလာတော့ကျနော်တို့နှစ်ယောက်လည်း ၀မ်းသာအားရနဲ့လိုက်သွားပါတယ်။

အဲ့သည်အိမ်ကိုရောက်တော့ ကျနော်တို့လိုပဲ ဒုက္ခရောက်နေတဲ့ ကိုကျော်နဲ့ ကိုရဲလို့ခေါ်တဲ့ အသက် ၁၇၊ ၁၈ နီးပါးလူငယ် ၂ယောက်နဲ့မိတ်ဖွဲ့ဖြစ်ပါတယ်။ သူတို့ကလည်း ထိုင်းနိုင်ငံမှာရရာ အလုပ်လုပ်ပြီးပိုက်ဆံရှာ မှာ ဖြစ်တော့ရည်မှန်းချက်တူပြီးကျနော်တို့အဖွဲ့လေးတခု ဖွဲ့လိုက်ပါတယ်။ နောက်နေ့မနက်မှာတော့ ကျနော်တို့ မြ၀တီမဲဆောက် တံတားကြီးကိုဖြတ်ပြီး ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းကို ထွက်ခဲ့ပါတယ်။ တံတားထိပ် ကို ရောက်တော့ ဂိတ်မှာတယောက်၂၀၀ ကျပ်နဲ့ဖြတ်သန်းခွင့် လက်မှတ်ဝင်ဖြတ်ရပါတယ်။

လက်မှတ်မှာတော့ထိုင်းမြန်မာ ၂ ဘာသာနဲ့ ထိုင်းနိုင်ငံမဲဆောက်မြို့ထဲကို ၂၄ နာရီလည်ပတ်လို့ရကြောင်း ရေးထားပါတယ်တံတားပေါ်တက်တော့ ယူနီဖောင်းဝတ် စုံတွဲတတွဲကစောင့်နေပါတယ် သည်နှစ်ယောက်က
ကျနော်တို့ကိုလှမ်းခေါ်ပြီးတယောက် ၂၀၀ ထပ်တောင်းပါတယ်၊ ကျနော်ကမသင်္ကာလို့ မေးတော့သူတို့ နှစ် ယောက်ကခပ်မာမာနဲ့ ဒီမှာထပ်ပေးရ တယ်လို့ပြောပါတယ်။ သူတို့မျက်လုံးတွေကလည်း မသင်္ကာစရာပါ

ဂိတ်ဘက်ကို ကျီးကန်းမျက်လုံးတွေနဲ့ လှမ်းလှမ်းကြည့် နေတာကိုတွေ့ရပါတယ် ဒါနဲ့ ကျနော်လည်းဒါဆိုဂိတ် ကိုသွားမေးမယ်ဆိုတော့မှ အမျိုးသ္မီးလုပ်သူက နေနေမောင်လေး အပြန်ကျမှ ပေးတော့ အခုတော့မယူတော့ ဘူးသွားသွားဆိုပြီး ပြာပြာသလဲ မဲဆောက်ဘက်ခြမ်းကို သွားခိုင်းပါတယ်။

ကျော်ဇင်ကတော့ စိုးရိမ်တကြီးနဲ့ မင်းကွာတော်တော်ရဲတာပဲ ငါတို့ကိုဖမ်းထားရင်ဘယ်လိုလုပ်မလဲ လို့ကြိတ် ပြီးပြောပါတယ်။ ကျနော်ကတော့ လူညစ်ပါတ်တွေ အကြောင်းထွေတထူး ရှင်းပြမနေတော့ပဲမဲဆောက်ဘက် ကိုထွက်ခဲ့ပါတော့တယ်။

ကျနော်တို့လေးယောက်ထဲမှာ အကြီးဆုံးဖြစ်တဲ့ ကိုကျော် (ခ) ကိုကြီးကျော်ဦးဆောင်မှုနဲ့ မယ်တော် ဘုန်းကြီး ကျောင်းကိုလမ်းလျှောက်သွားကြပါတယ်။ အခြားသူတွေပြောပြချက်အရ အဲသည့်ဘုန်းကြီးကျောင်းထဲကိုထိုင်း အလုပ်ရှင်တွေကသူတို့အလုပ်သ္မားလိုရင် လာရှာလေ့ရှိကြောင်းနဲ့ ထိုင်းရဲတွေကလည်း သည်ကျောင်း ၀င်းထဲမှာ ရှိနေတဲ့မြန်မာပြည်သားတွေကိုမဖမ်းဘူးဆိုတာပါ။ ဖြစ်နိုင်ပါတယ် ကျနော်တို့ရောက်တော့ မြန်မာ ပြည်သားတွေကို ဟိုတစု သည်တစု တွေနေရပါတယ်။

ရောက်ရောက်ချင်းပဲ နားစရာအရင်ရှာပြီးနားကြပါတယ် နေရာကတော့ ညောင်ပင်ကြီးနဲ့မျက်နှာချင်ဆိုင် ဘုရားဆင်းတုတော်တွေရှိတဲ့ ဇရပ်မှာပါ ကျနော်တို့လေးယောက် ရှိသမျှပိုက်ဆံတွေကို စုလိုက်တော့ တ သောင်းနှစ်ထောင်လောက်ကျန်ပါသေးတယ်၊ ကျနော်တို့အားလုံးတိုင်ပင်ပြီး ပေါင်မုန့်နဲ့ဆေးလိပ်ဝယ်လိုက် ပါတယ် လေးယောက်လုံးကဆေးလိပ်သောက်တတ်တာမို့ ဆေးလိပ်ကလည်း အရေးပါလှပါတယ်။ ဘုန်းကြီး ကျောင်းကထ္မင်းကတော့ တယောက်မှသွားမစားရဲပါဘူး ရှက်တာရော ကြောက်တာကြောင့်ပါ။…..

ဆက်တိုက်မက်ခဲ့ရသော အိပ်မက်များ အပိုင်း ၁

တလောကလုံး အိပ်စက်အနားယူရမယ့် အချိန်လို့ သတ်မှတ်ရမယ့် မနက် ၄ နာရီမှာ နယ်စပ်မြို့လေးတွေရဲ့ ထူးခြားချက် ကြောင့်လားတော့မသိ ဒီမြို့လေးကတော့ လှုပ်လှုပ်ရွရွနဲ့ စည်းကားနေပါတယ်။ ကြီးပွားချမ်းသာ ချင်နေတဲ့ ကျနော်တို့သူငယ်ချင်းနှစ်ယောက် အတွက်တော့ စိတ်လှုပ်ရှားစရာမြင်ကွင်းပါပဲ။

ထိုင်းမြန်မာနယ်စပ်မြို့ ကလေးဖြစ်တဲ့ မြ၀တီမြို့မှာနေတဲ့ ကျော်ဇင်ရဲ့ အကိုဝမ်းကွဲ ၀င်းမင်းကကျနော်တို့နှစ် ယောက်ကို သူတို့မြို့ကနေတဆင့် ထိုင်းနိုင်ငံမဲဆောက်မှာ စီပွားရှာလို့ကောင်းကြောင်း မစားရ၀မခန်းပြောပြ ပြီးလိပ်စာပေးသွားတဲ့အတွက် ကျနော်တို့နှစ်ယောက် တိုင်ပင်ပြီးရန်ကုန် ဆင်မလိုက်အဝေးပြေးဂိတ်မှတ ဆင့် မြ၀တီမြို့ကို ရောက်ခဲ့တာပါ။

မြန်မာပြည်မှာကလည်း စီးပွားရှာရတာ တဖြည်းဖြည်းနဲ့ကျပ်တည်းလာပါတယ်။ ရတဲ့လခနဲ့အသုံးစာရိတ် ပြန် တွက်လိုက်ရင် ဘယ်လိုမှကို ညီမျှခြင်းချလို့မရတဲ့ အခြေအနေပါဒါတောင်ကျနော်က တယောက်တည်းသမား ပါဘယ်သူ့ကိုမှထောက်ပံ့ ပေးစရာမလိုပါဘူး ကိုယ်ဘာသာရှာ ကိုယ့်ဘာသာဖြုန်း၊စု ကြိုက်သလိုလုပ်လို့ရပါ တယ်။ ကျနော်က လ္ဘက်ရည်ဆိုင်ကိုယ် ပိုင်ထောင်ချင်တာပါ အစုစပ်ရှယ်ယာသဘောမျိုး ထောင်ကြည့် ဖူးပါ တယ်အဆင်မပြေပါဘူး လ္ဘက်ရည်ဆိုင်ကရောင်း ကောင်းပေမယ့် ကိုယ့်နဲ့ရှယ်ယာဝင်ထားသူတွေရဲ့ မသမာ မှုကြောင့် ကျနော်သုံးဆိုင်တိတိ ထွက်ပေးလိုက်ရဖူးပါတယ်။

ဒါ့ကြောင့် နောက်တခါလ္ဘက်ရည်ဆိုင် ထောင်မယ်ဆိုရင် ကိုယ့်ဘာသာတယောက်တည်း ထောင်တော့မယ် ဆိုတဲ့ရည်ရွယ် ချက်နဲ့ပိုက်ဆံကို ကျိတ်စုနေတာပါ။ ကုန်ဈေးနှုန်းက ဒီနှစ်ဆိုင်နေရာ တသောင်းဆိုရင် နောင် နှစ် နှစ်သောင်ဆိုပြီး ခုန်ခုန် တက်လာပါတယ်။ ကျနော့်ရဲ့စုငွေကတော့ တနှစ်ထက်တနှစ်တက်တက်လာတဲ့ ကုန်ဈေးနှုန်းကို ဘယ်လိုမှလိုက်မမှီတော့ ပါဘူး ဒါနဲ့နောက်ဆုံး ၀င်းမင်းရဲ့အကြံပြုချက်အရကျနော်နဲ့ ကျော်ဇင် ထွက်လာခဲ့ရတာပါ။

မြ၀တီအဝေးပြေးဂိတ်မှာကားရပ်လိုက်တာနဲ့ ကျနော်တို့တွေ့ရတဲ့ အထက်ပါမြင်ကွင်းကြောင်း အားတက်သွား ပါတယ်နောက်ဝင်းမင်း ပေးထားတဲ့လိပ်စာအတိုင်း ထွက်လာခဲ့ပါတယ် သူပေးထားတဲ့လိပ်စာကတော့ အမှန် ပါပဲ ဒါပေမယ့်မမှန် တော့တာက ၀င်းမင်းတို့မိသားစု အဲဒီမြို့မှာမနေတော့ဘူး ဆိုတာကိုခြံတခါးတောင် မဖွင့် ပဲနဲ့ အလှူခံကိုပြောသလို့ ပြောလိုက်တာပါပဲ ကျနော်တို့နှစ်ယောက် ဘာကိုဆက်လုပ်ရမယ်မှန်းဆလို့မတတ် တော့ပါဘူး နောက်ကိုပဲပြန်လှည့်ရမလား ရှေ့ပဲဆက်တိုးရမလားဆိုတာ တော်တော့်ကိုဆုံးဖြတ်ရခက်သွားပါ တယ်။

မြ၀တီမြို့ ဆိုတာကိုစာထဲမှာတောင်မဖတ်ဖူးတဲ့ ကျနော်တို့နှစ်ယောက်အဖို့တော့ စိတ်ဓါတ်ကျစရာပါပဲဘာပဲ ဖြစ်ဖြစ် စိတ်ဓါတ်မကျဖို့အားမငယ်ဖို့ ကျော်ဇင့်ကိုနှစ်သိမ့်ရင်း လမ်းထိပ်လ္ဘက်ရည်ဆိုင်မှာ လ္ဘက်ရည်တ ယောက်တခွက်သောက်ရင်း ကျနော်တို့ဘာဆက်လုပ်ရင် ကောင်းမလဲဆိုတာကို တိုင်ပင်ကြပါတယ်။ ကျော်ဇင်ကတော့ ပြန်လှည့်ချင်ပါတယ် ကျနော် ကတော့ရောက်မှတော့ မထူးဘူးတုံးတိုက်တိုက် ကျားကိုက် ကိုက်ဆက်တိုးချင်ပါတယ်။

နောက်ဆုံးတော့ ကျနော့်အဆိုကို သူလက်ခံသွားပြီးဆက်သွားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ လက်ထဲမှာတော့ လက်ကျန် ငွေတော်တော်ကိုခန်းနေပါပြီ ဒါနဲ့ ကျနော့်လည်ပင်းမှာဆွဲထားတဲ့ ဆွဲကြိုးဆိုင်းကိုထာဝရထွက် ခိုင်းလိုက်ရပါတယ် မတတ် နိုင်ဘူးလေ ရှိတန်ဆာ မရှိဝမ်းစာပေါ့…..ဆက်ပါဦးမယ်..

ပျက်စီးသွားတဲ့ ကျနော့်ခရစ်စမတ်

ဒီခရစ်စမတ်မှာ
အိမ်ကိုလည်း မလွမ်းဖြစ်တော့ဘူး
ရွာကဘုရားကျောင်းကိုလည်း(အိပ်မက်ထဲကနေ)
မလွမ်းဖြစ်တော့ဘူး…

နာပြီးရင်းနာနေတဲ့ဒီနှလုံးသားကို
မယုတ်မာတတ်ပဲ(အလုပ်မရှိ) ယုတ်မာနေသူတွေကြားမှာ
ရှင်သန်တတ်အောင်ပျိုးထောင် သင်ကြားရင်း
ဘ၀ရှင်လာခဲ့ရလို့ထင်ရဲ့…..

ယုန်ငယ်လေးလို ကြောက်တတ်တဲ့
ငါ့ချစ်သူကိုတောင်
ဒီခရစ်စမတ်မှာမလွမ်းဖြစ်တော့ဘူး…..။  ။

ချစ်သူတွေမဖြစ်လိုက်ရတဲ့ ချစ်သူများ

ချစ်သူတွေမဖြစ်လိုက်ရတဲ့ ချစ်သူများ

တိတိကျကျ ချစ်သူတွေမဟုတ်ကြပေမယ့်
အလင်းနက်နက် ညဉ့်ယံတွေထဲ
ကြယ်တွေကို ရေတွက်ခဲ့ဖူးကြတယ် ….

တိတိကျကျချစ်သူတွေမဟုတ်ကြပေမယ့်
စူးစူးရှရှ သီချင်းသံစဉ်တစ်ပုဒ်ကို
အတူတူ ဆိုညည်းခဲ့ကြဖူးတယ် ……

တိတိကျကျ ချစ်သူတွေမဟုတ်ကြပေမယ့်
အနာဂါတ်ကောင်းကင်ယံမှာ
မျှော်လင့်ချက်တွေကိုယ်စီပျိုးခဲ့ကြဖူးတယ် …

တိတိကျကျ ချစ်သူတွေမဟုတ်ကြပေမယ့်
အလွမ်းတွေရဲ့ သိုဝှက်မှုကိုယ်စီအောက်
ငါတို့ မနက်တွေ လင်း ခဲ့ကြဖူးတယ်

တိတိကျကျ ချစ်သူတွေမဟုတ်ကြပေမယ့်
နားလည်မှုကိုယ်စီပေးလို့….
ငါတို့ကိုယ်စီရောင့်ရဲခဲ့ကြဖူးတယ်

လက်ချင်းလည်းမတွဲခဲ့ကြဘူး
အနမ်းတွေလည်းမဝေခဲ့ဘူး
ဒီဆောင်းဦးမှာ…..အေးချမ်းမှုကိုယ်စီနဲ့
ကမ္ဘာတစ်ဖက်ခြမ်းစီပေမယ့်လည်း
ငါတို့သွေးတွေနီးနေခဲ့တယ် …..

ပြန်မဆုံနိုင်ကြတော့ပေမယ့်လည်း…
ငါတို့ဟာ…ချစ်သူတွေမဖြစ်လိုက်ရတဲ့ ချစ်သူတွေပဲကွယ် ။

သက်တန့်ချို

( ချစ်သူလည်းမဟုတ် သူငယ်ချင်းလည်းမဟုတ် တစ်ချိန်တုန်းက ဆံနွယ်တွေအပေါ် နေရာင်ခြည်ကျတိုင်းရွှေအိုရောင်မီးတောက်မီးလျှံတွေ နဲ့ ကျွန်တော့်ရင်ထဲ ကဗျာပေါင်းမြောက်များစွာ ဖြစ်ပေါ်စေခဲ့တဲ့ ” သူမ ” အတွက် )

ကိုယ်ပိုင်မဟုတ်ပေမယ့် ဆွတ်ပျံဘွယ်ကောင်းတဲ့ ကဗျာလေးမို့လို့ ကူယူလာတာပါ ခွင့်မတောင်ခဲ့ရပေမယ့် လင့်ခ်ပြန်ညွှန်းပေးတာမို့ ခွင့်လွှတ်နိုင်လိမ့်မယ်လို့ထင်ပါတယ်….

ကွက်လပ်ဖြည့်ချင်သူ

နှလုံးသား ကွပ်လပ်မရှိတဲ့သူကို သေလောက်အောင် ကွပ်လပ်ဖြည့်ချင်နေမိတယ်… ဘယ်သူတွေက စသတ် မှတ်သွားမှန်း ကိုမသိရတဲ့ တဖက်သတ်အချစ်ဆိုတာကြီးကို ရင်မှာပိုက်ထားလို့ လူလည်း ငိုက်စိုက်ငိုက်စိုက် နဲ့…. တွေ့လိုက်တိုင်း တွေ့ လိုက်တိုင်းတိတ်တိတ်လေး ပြောမိတာတွေက ကောင်မလေး ငါ့အတွက်တော့ နင့်အလှဟာ ဗီးနပ်စ် ဆိုတဲ့အချစ်နတ်ဘုရား မတောင် မမှီပါဘူး။

(ဘယ်မှီမလဲ သူကခါးတုတ်ပြီး လက်တွေမပါဘူးလေ:D) နင်ငါ့ကိုကြည့်လေ့ရှိတဲ့ မျက်လုံးသက်သက် အကြည့်တွေနဲ့တင် ငါ့နှလုံးသား မလေးရီးယား (Malaria) စားသွားပါတယ်။ တခါတလေပြုံးလေ့ရှိတဲ့ နင့်ရဲ့  နှုတ်ခမ်းသက်သက် အပြုံးတ ချက်ကိုမြင်တိုင်း နေဦးရနံကိုစရှူမိတဲ့ တောအရိုင်းပန်းလို ရင်ခုန်သံတွေ ၀ုန်းဒိုင်းမြည်သံနဲ့ ထပွင့်ခဲ့ရတာ နင်ကိုယ်တိုင် ညာမရလောက်အောင် သိသာနေခဲ့ပါလားကွယ်။

ငါသာ လီယိုနာဒိုဒါဗင်ချီဆိုရင် မိုနာလီဇာပုံကိုမဆွဲခဲ့ဘူး ဘာလို့ဆိုတော့ အခုကြည့်လေ တကမ္ဘာလုံးက ပုရိသတွေသူ့ပုံ ကိုဝိုင်းကြည့်နေကြတာ သူမခမျာရှက်ရှာတော့မပေါ့။ အဲလိုပါပဲ ကောင်မလေးရေ နင့်ကိုငါ ဘယ်တော့မှပုံမဆွဲဘူး တကယ် လို့ပေါ့ ဆွဲခဲ့မယ်ဆိုရင်တောင် လူတွေသူတွေမမြင်နိုင်တဲ့ ငါ့နှလုံးသားထဲမှာပဲထည့်ဆွဲထားမယ် မျက်လုံးထဲကတော့လျှံမကျ လာနဲ့ပေါ့။

ငါ့ထက်ချောတယ်၊ ငါ့ထက်ပညာတတ်တယ်၊ ငါ့ထက်ငွေပိုရှိတယ်၊ အို…..ပိုလိုက်တဲ့ဂုဏ်ဒြပ်တွေ ဒါတွေငါမမှီခဲ့ပါဘူးဘာ ဆိုဘာမှလည်း မရှိပါဘူး ကဲပိုကွာ သာကွာ မင့်အချစ်ကိုမရတဲ့နောက် ဘာတွေသာနေလဲငါ့တွက် ထူးဦးမှာလား…………. ဒီတခါတော့ ကြူးပစ်ကိုအကြီးအကျယ်စိတ်နာတယ် ဘယ့်နယ့်ငါ့အလှည့်ရောက်မှ မြှားကုန်ရတယ်လို့။

တခုတော့သတိပေးထားပါရစေ… အချစ်=အချစ် ဒါမှန်ပါတယ်… ဒါပေမယ့်ပြန်လာတာက အချစ်=သူငယ်ချင်းတဲ့ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိတယ်တဲ့… ငါဘက်ကိုမြန်မြန်သက်ရောက်ပါတော့ ချစ်သူရယ်။

မောင်ရင် သိက္ခာချခံရခြင်း

ဘာလိုလိုနဲ့ ကျနော်လည်းမဲဆောက်ဆိုတဲ့ (ကျနော်တို့သတ်မှတ်ထားတဲ့) မြို့ပြကိုရောက်ခဲ့တာ ၂ နှစ် ပြည့် သွားပြီ။
၂ နှစ် အတွင်မှာ အလုပ်အကိုင်တွေကတော့ နည်းနည်းစုံ သွားတယ်။ ပထမ ၀ပ်ဆိုဒ်သင်တယ် စာတွေ ဘယ်လိုတင်ဘယ်လိုချ..စသဖြင့်ပေါ့။ နောက်တော့ အိမ်ထဲမှာနေရတာ နည်းနည်းပျင်းလာတယ်ဗျ။ ဒါနဲ့အ ပေါင်းအသင်း နည်းနည်ထားလိုက်တယ်.. မျက်နှာငယ်လိုက်တာဗျာ၊ တောထဲမှာနေတုန်းက ခပ်တင်တင်းပဲ ငပိ ငြုပ်သီးနဲ့နေခဲ့တာ။
ဘယ်သူ့ကိုမှ အောက်ကြို့ရိုးထုံးစံမရှိဘူးလေ သိတယ်မဟုတ်လား ရဲဘော်ဘ၀ဆိုတာ ကိုယ့်အလုပ်ကိုယ် လုပ် သူ့အလုပ်သူလုပ် ဒါပဲ။မဲဆောက်မြို့ပြကတော့ ဒီလိုမဟုတ်ပေါင် ကျနော်က ဆေးလိပ်ဆိုသိပ်ကြိုက်ဗျ ကျန်းမာရေးတွေဘာတွေလည်း နားလည်သင့်သလောက်တော့ နားလည်တာပေါ့ဗျာ။ ဒါပေမယ့် ဆေးလိပ် မ သောက်တတ်တဲ့ လူတွေကိုကြည့်ကြည့်ပြီး လူဖြစ်`ရှုံးလိုက်တာလို့ မြင်တတ်တဲ့ ကျနော့်လိုကောင်က ဆေးလိပ်ကြိုက်တာမဆန်းပါဘူးလေ။ 
ခက်တာက အဲသည့်ဆေးလိပ်ရဖို့အတွက်က ပြဿနာဗျ ကိုယ်ဆြာကလည်း ဆေးလိပ်သောက်တာ မကြိုက် တော့ ကျနော့်နဲ့ တော်တော်ပြဿနာပဲလေ… ။
ဒါကထားပါ ထားလို့မရတာက ကျနော်ကလခစားမဟုတ်ဖူးလေ အဲ့သည်တော့ ပိုက်ဆံမရှိဘူးလေ.. ဒီတော့ဆေးလိပ်ဖိုးဆိုတာကို လိုက်ရှာရတော့တာပေါ့… ဘယ်မှာလဲဆိုတော့ ကိုယ့်နဲ့ခင်သမျှသူတွေဆီမှာ မျက်နှာပူပူနဲ့ တောင်ရတော့တာပေါ့ ပိုက်ဆံရှာလို့တတ်ပါတယ် ကျနော့်ကိုက ၀တ်ကြွေးပါနေလို့ထင်ပါရဲ့ ဒီပိုက်ဆံမရတဲ့ အလုပ်ကိုပဲခင်တွယ်နေတာလေ..အဲ့သည်တော့ ဘာတွေဖြစ်လဲ ..။
သိက္ခာတွေပေါ သိက္ခာတွေ အပုံလိုက်အထပ်လိုက် ချွှမ်းကနဲ ဂွမ်းကနဲကျတာ မြို့ပြကလူတွေက ရှင်းရှင်းပြောရရင်ကျနော်တို့နဲ့ ဖြောင့်ဖြောင့်ကြီးမဟုတ်တောင် နည်းနည်းလေးတော့ ကွာကြတယ်ဗျ.. ကျ နော်က တောထဲမှာအသားကျသလိုလို မြို့ပြမှာအသားကျသလိုလိုနဲ့ တကယ်တော့ မြိုပြနဲ့အံမ၀င်ပါဘူး။ ကျနော်တို့က သေသေကြေကြေ အစစအရာရာစွန့်လွှတ်ထားပြီးသား… သူတို့ကျတော့ အနည်းဆုံး သား၊ မယား ဆိုတာလေးတော့ လည်ပြန်တတ်ကြတယ်လေ။
နောက်လူကို ဆက်ဆံရင်လည်း မတူသလိုလိုမတန်သလိုလို ကိုယ်ကပဲညစ်ပတ်နေသလိုလို မသိရင် သူတို့ ပစ္စည်ပဲကိုယ်ကခိုးတော့မလိုလို….၊ အဲ့သည်လိုဆက်ဆံရေးတွေဗျ အစကတော့ကျနော်လည်း သေချာမသိ တော့သူတို့ကို အထင်တွေကြီးလိုက်တာ သူတို့လုပ်သမျှအထင် တအံတသြနဲ့ပေါ့ တောသားမြို့တက်နဲ့ နည်နည်းတူမယ်ထင်တယ် နောက်သိပ်မကြာဘူး ကျနော်လည်း ပညာရေးစိတ်ဝင်စားတာနဲ့ ကျောင်းတက် တယ်ပေါ့ဗျာ အဲမှာဇာတ်လမ်းက စတော့တာပဲ ဘာတွေမှန်းကိုမသိတော့ဘူး။
ကျနော့်စရိုက်ကလည်း သိတဲ့အတိုင်းပဲလေ ဘာကိုမှအကြောက့်အလန့်မရှိတာ ကြောက်စရာလဲဘာလိုလို့လဲ အားလုံး တနေ့ကျရင်သေကြမှာပဲဟာ အဲ့လေးစားမှုတော့ရှိတာပေါ့ ဒါပေမယ့် ကျနော်ပြတဲ့လေးစားမှုက သူတို့ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာမယ်..။ အဲတာတွေကိုမချိုးဖောက်တာဟာ သူတို့ကိုလေးစား တာပဲကျနော်ကဒီလိုပဲသတ် မှတ်တာ အဲမှာလွဲတာပဲ သူတို့ (တချို့သောခေါင်းကြီးတွေ) က ကြောက်ရွံ့မှု ကိုလေးစားမှုလို့ မြင်ကြတာ အဲမှာ ကျနော့် နဲ့ သူတို့လွဲကြလေသတည်းပေါ့ဗျာ။
ကျနော့်အထင်မမှားဘူးဆိုရင် သူတို့ထဲက အချို့လူတွေဟာ ကျနော့်ကို သောက်မြင်တောင်ကပ်နိုင်တယ်။ ကပ်ချင်လဲ ကပ်စရာပဲလေ ကျနော်ကလည်း အမြင်ကပ်တာပါပဲ လုပ်နေတာက ပိစိလေးဘ၀င်က ထန်းပင်ထိပ်မှာရောက်နေတာကိုး ပြောတဲ့စကားကိုကြည့်လေ “ဒါအဖွဲ့အစည်းကို စော်ကားတာပဲ” အမလေး လန့်သွားတာပဲ ကျနော်တို့ဆီမှာ အဖွဲ့အစည်းကို စော်ကားရင်သေဒဏ်လေ နှဖူးကျည်သင့်တာပဲ။ အော် ဘယ်သူ့ဆီကများ အဲ့သည့်စကားရသွားပါလိမ့် လို့စည်းစားမိတယ်အဲလိုအပြောခံရပြီဆိုရင် ဖြေရှင်ပေတော့ ပြောခံရသူရော ပြောသူပါ.. အကြီးအကျယ်ကိုရှင်းရတာ။
သူတို့မှာတော့ ရေချိုး၊ သေးပေါက် သုံနေလိုက်ကြတာ.. ဒါနဲ့ သိပ်မကြာပါဘူး ကျနော့်နဲ့ ထိပ်တိုက်တိုးဖို့ ကံကြမ္မာက ဖန်လာပါလေရောဗျို့ တရက်ပေါ့….
ကျနော်တက်ရတဲ့ ကျောင်က ဆယ်တန်းလွန်ပေါ့ (ပိုစ့်တန်း post-10) အင်္ဂလိပ်၊ ထိုင်း ၂ ဘာသာသင် တယ်ဗျ။ အင်္ဂလိပ်မှာ နည်းနည်းအဆင်ပြေတယ် ဘာလို့ဆိုတော့ တက်ကြတဲ့ကျောင်းသား အားလုံးနီးပါးက အင်္ဂလိပ်ဘာသာကို အနည်းနဲ့အများ တီးမိခေါက်မိထားတယ်လေ အကျိုးအပဲ့လောက်တော့ ဖွတ်တတ်တာ ပေါ့ ဆရာတွေကလည်း နားလည်ပါ တယ်.. သူ့ဟာနဲ့သူ အဆင်ပြေတယ်လို့ ဆိုရမှာပေါ့။
ဂွကျတာက ထိုင်းဘာသာသင် တဲ့အချိန်ဗျ သင်တာက ဆရာမ မြန်မာလိုလည်း မတတ် အင်္ဂလိပ်လိုလဲမရနဲ့ တော်တော့်ကို ဂွကျတယ်ဗျ ပြဿနာကလည်း ပြောမနေနဲ့ ခဏခဏကိုတက်တာ သူ့မှာသင်ရိုးတွေပြောင် တာ ၃ ကြိမ်မကပြောင်လိုက်တာ တခုမှအဆင်မပြေဘူး ဖြစ်နေရှာတာ၊ ကျနော်လည်း သူ့ကိုသနားတယ် ဘာလို့ဆိုတော့ သိတဲ့အတိုင်းလေ သူကငယ်လဲငယ် ပညာအရည်အချင်းကလဲ မရှိနဲ့နောက် သူထိုင်းစာသင် ပေးရတာ မနည်းဘူးဗျ မူကြိုအဆင့်ကနေ ကျနော်တို့ ပိုစ့်တန်းအထိ ဆိုတော့ သူ့ခမျာ တနေ့လုံးပြေးနေရ ရှာတာ။
ပိုက်ဆံတော့ရတယ်ဗျ ဆရာတွေ ဆရာမတွေထဲမှာ သူ့လခက အများဆုံးပဲ… ။ ကျနော်လည်းကြိုးစားသင် ကြည့်ပါသေးတယ် ဘာလို့ဆိုတော့ ကိုယ်ကထိုင်းနိုင်ငံမှာ တော်တော်ကြာကြာနေရဦးမှာကိုး မတော်အိမ် ထောင်တွေ ဘာတွေတောင်ကျသွားနိုင်သေးတယ် တတ်ထားသင့်တဲ့ ဘာသာထဲမှာထိုင်းလည်းပါတာကိုး.. ကျနော်ကရင်စကားကို လည်းဒီလိုပဲသင်ခဲ့ရတာပဲ … ထုံးစံအတိုင်းပေါ့ဗျာ နောက်လိုက်ပြောင်လိုက်နဲ့သင် လာလိုက်တာ။
အဲသည့်နေ့က သူပြောတာကိုကျနော် လုံးဝနားမလည်လိုက်ဘူးဗျ အဲတာနဲ့ ကော်ပီယူပြီး နောက်လိုက်တာ ပြဿနာတက်ပါလေရော ငိုလိုက်တာ နှပ်တွေဘာတွေတောင်ထွက်လို့ အစကဘာမှန်းတောင်မသိဘူး ကျနော်တို့လည်း ဘူမသိကိုးမသိနဲ့ သွားတောင်းပန်သေးတယ် … ဒါပေမယ့်မရပါဘူး ။
နောက်တော့ ခေါင်းစဉ်အတပ်ခံရပါလေရော ကိုယ့်အဖွဲ့အစည်းကိုယ်ပြန် ကျောင်ကိုအဲ့သည့်က တက်ပေါ့ဗျာ နေရာက အရေးမကြီးပါဘူး ကျနော့်အတွက် ဘယ်နေရာသွားနေနေ အစဉ်ပြေပါတယ် ဒါပေမယ့်သိက္ခာလေ သိက္ခာကျတာပေါ့ မောင်းထုတ်ခံရတာနဲ့  ဘာထူးသေးလဲ ဖြစ်တဲ့ပြဿနာက ဘားမှမဟုတ်ပေမယ့် နာမည် ကတော့ ကိုယ့်ကိုစာလာသင်ပေးနေတဲ့ ဆရာမကိုစော်ကားတာတဲ့ စော်ကားသလိုဖြစ်တာတဲ့ အဲဒါအဖွဲ့အ စည်းကိုစော်ကားတာနဲ့ အတူတူပဲတဲ့.. အရပ်ကတို့ရေ ကြားကောင်းကြသေးရဲ့လားလို့ အော်လို့ရရင် အော်လိုက်ချင်တယ်… တကယ်ပြောတာ။
ကျနော်အတွက် မဲဆောက်မြို့ပြက သိက္ခာချတာ နှစ်ခါရှိသွားပြီ….
ပြောမဲ့သာ ပြောရတာပါ နောက်အပတ်ကျောင်းဖွင့်ရင် အဲ့သည့်ထိုင်းဆရာမကိုပဲ သွားတောင်ပန်ရဦးမယ် ကျောင်းပြန်တက် ဖို့လေ သူကမတက်နဲ့ဆိုရင်တော့ မောင်ရင့်သိက္ခာ ထပ်ကျပြန်ရောပေါ့… ဒါပါပဲဗျာ အားမတန်မာန်လျှော့တဲ့ လျှော့ရလွန်းလို့ လူလည်းပိန်ပိန်လေးပဲ ကျန်တော့တယ် အော်လောက လောက ဘယ်တော့များ မတရာမှုတွေ ပပျောက်မ လဲ…..။  ။